“ကန်စွန်းဥဈေးနှုန်းဈေးကွက်”

Powered by Drupal

                 မန္တလေးမြို့တွင်းသို့ ရှမ်းပြည်နယ် တောင်ကြီး၊ အောင်ပန်း ၊ ပြင်ဦးလွင်နှင့် ကျောက်ဆည် မြို့များမှ ကန်စွန်းဥများ ဝင်ရောက်လျက်ရှိပြီး ကန်စွန်းဥကို စားသုံးသူပြည်သူများက အလွန်ကြိုက် နှစ်သက်သောကြောင့် ဝယ်လိုအားရှိကြောင်း၊ ကန်စွန်းဥအမျိုးအစားမှာ ရွှေဝါနှင့် ငချိတ်ဟူ၍ (၂)မျိုး ရှိပြီး ကန်စွန်းဥကို ပြုတ်စား၍သော်လည်းကောင်း၊ ယိုထိုးပြုလုပ်၍သော်လည်းကောင်း၊ ကန်စွန်းဥ ခြောက်ကြော်ပြုလုပ်၍သော်လည်းကောင်း စားသုံးကြပါသည်။ ကန်စွန်းဥစျေးနှုန်းအနေဖြင့် အောက်တို ဘာလနောက်ဆုံးပတ်တွင် အသေး(၁)ပိဿာလျှင်(၃၅၀၀)ကျပ်၊ အကြီး(၁)ပိဿာလျှင်(၄၀၀၀)ကျပ်စျေးနှုန်းများဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး နိုဝင်ဘာလပထမပတ်တွင် အသေး(၁)ပိဿာလျှင်(၃၀၀၀) ကျပ်၊ အကြီး(၁)ပိဿာလျှင်(၃၅၀၀)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း ကန်စွန်းဥရောင်းချသည့် ဈေးသည်များထံမှ သိရှိရပါသည်။

Doca(မန္တလေး)