
မန္တလေးမြို့တွင်းသို့ ရှမ်းပြည်နယ် တောင်ကြီး၊ အောင်ပန်း ၊ ပြင်ဦးလွင်နှင့် ကျောက်ဆည် မြို့များမှ ပိန်းဥများ ဝင်ရောက်လျှက်ရှိပြီး ပိန်းဥကို စားသုံးသူပြည်သူများကအလွန်ကြိုက်နှစ်သက်သောကြောင့်ဝယ်လိုအားရှိကြောင်း၊ပိန်းဥကိုပြုတ်စား၍သော်လည်းကောင်း၊ဟင်းရည်ချက်စား၍သော်လည်းကောင်း၊ပိန်းဥခြောက်ကြော်ပြုလုပ်၍ သော်လည်းကောင်း စားသုံးကြပါသည်။ ပိန်းဥစျေးနှုန်းအနေဖြင့် အောက်တိုဘာလနောက်ဆုံးပတ်တွင် အသေး(၁)ပိဿာလျှင်(၃၅၀၀)ကျပ်၊ အကြီး(၁)ပိဿာလျှင်(၄၀၀၀)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး နိုဝင်ဘာလပထမ ပတ်တွင် အသေး(၁)ပိဿာလျှင်(၃၀၀၀)ကျပ်၊ အကြီး(၁)ပိဿာလျှင်(၃၅၀၀)ကျပ် စျေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း ပိန်းဥရောင်းချသည့် ဈေးသည်များ ထံမှသိရှိရပါသည်။
Doca(မန္တလေး)
