
မန္တလေးမြို့တွင်းသို့ ရှမ်းပြည်နယ် တောင်ကြီး၊ အောင်ပန်း ၊ ပြင်ဦးလွင်နှင့် ကျောက်ဆည် မြို့များမှ အာတာလွတ်ဥများ ဝင်ရောက်လျှက်ရှိပြီး အာတာလွတ်ဥကို စားသုံးသူပြည်သူများက အလွန်ကြိုက်နှစ်သက်သောကြောင့် ဝယ်လိုအားရှိကြောင်း၊ အာတာလွတ်ဥကို ပြုတ်စား၍ သော် လည်းကောင်း၊ ဟင်းရည်ချက်စား၍သော်လည်းကောင်း စားသုံးကြပါသည်။ အာတာလွတ်စျေးနှုန်း အနေဖြင့်အောက်တိုဘာလ နောက်ဆုံးပတ်တွင် အသေး(၁)ပိဿာလျှင်(၃၅၀၀)ကျပ်၊ အကြီး(၁) ပိဿာလျှင်(၄၀၀၀)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး နိုဝင်ဘာလပထမပတ်တွင် အသေး(၁)ပိဿာလျှင်(၃၀၀၀)ကျပ်၊ အကြီး(၁)ပိဿာလျှင်(၃၅၀၀)ကျပ် စျေးနှုန်းများဖြင့် အရောင်း အဝယ်ဖြစ်လျှက်ရှိကြောင်း အာတာလွတ်ဥရောင်းချသည့် ဈေးသည်များထံမှသိရှိရပါသည်။
Doca(မန္တလေး)
