“ခရမ်းသီးဈေးနှုန်းဈေးကွက်”

Powered by Drupal

                   မန္တလေးမြို့တွင်းသို့ မုံရွာ၊ ပြင်ဦးလွင်နှင့် ကျောက်ဆည်မြို့များမှ ခရမ်းသီးများ ဝင်ရောက် လျှက်ရှိပြီး ခရမ်းသီးများကို စားသုံးသူပြည်သူများက အလွန်ကြိုက်နှစ်သက်သောကြောင့်ဝယ်လိုအားရှိကြောင်း၊ခရမ်းသီးကိုသုတ်စား၍သော်လည်းကောင်း၊ချက်စား၍သော်လည်းကောင်း၊ကြော်စား၍သော်လည်းကောင်း၊အတို့မြှုပ်လုပ်စား ၍ သော်လည်း ကောင်း စားသုံးကြပါသည်။ ခရမ်းသီးအမျိုးအစားများအနေဖြင့် အညိုသီး၊ အဖြူသီး၊ အစိမ်းသီး ဟူ၍ ရှိကြပြီး ခရမ်းသီးစျေးနှုန်း အနေဖြင့် နိုဝင်ဘာလပထမပတ်တွင်(၁)ပိဿာလျှင်(၃၅၀၀/၄၀၀၀)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး နိုဝင်ဘာလဒုတိယပတ်တွင် (၁)ပိဿာလျှင်(၃၀၀၀/၃၅၀၀) ကျပ် စျေးနှုန်း များဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် ဈေးသည်များထံမှ သိရှိရပါ သည်။

Doca(မန္တလေး)