
မန္တလေးမြို့တွင်းသို့ရှမ်းပြည်နယ် ရွာငံ၊ တောင်ကြီးနှင့် ပြင်ဦးလွင်မြို့များမှ ဂေါ်ရခါးသီးများ ဝင်ရောက်လျှက်ရှိပြီး ဂေါ်ရခါးသီးများကို စားသုံးသူပြည်သူများက အလွန်ကြိုက်နှစ်သက်သောကြောင့် ဝယ်လိုအားရှိကြောင်း၊ ဂေါ်ရခါးသီးကို သုတ်စား၍သော်လည်းကောင်း၊ ချက်စား၍သော်လည်းကောင်း၊ ကြော်စား၍သော်လည်းကောင်း၊ အတို့မြှုပ်လုပ်စား၍သော်လည်းကောင်းစားသုံးကြပါသည်။ဂေါ်ရခါးသီးစျေးနှုန်းအနေဖြင့်အောက်တိုဘာလနောက်ဆုံးပတ်တွင်အလုံးအရွယ်အစားအလိုက်(၁)လုံးလျှင်(၃၀၀ /၄၀၀/၅၀၀ ) ကျပ် စျေးနှုန်းများဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး နိုဝင်ဘာလပထမပတ် တွင် အလုံးအရွယ်အစားအလိုက် (၁)လုံးလျှင်(၂၀၀/၂၅၀/၃၀၀)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် ဈေးသည်များထံမှ သိရှိရပါသည်။
DOCA(မန္တလေး)
