မြင်းခြံမြို့‌ပေါ်ရှိ ကြက်ဉဈေးနှုန်းဈေးကွက်    

Powered by Drupal

       မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ပေါ်တွင် ဥစားကြက်မွေးမြူရေးလုပ်ငန်းလုပ် ကိုင်မှုနည်းပါးခြင်းကြောင့် ဒေသတွင်းစားသုံးမှုမလုံလောက်၍ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ နယ်နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တို့မှ ဝယ်ယူ၍ ဒေသတွင်းပြန်လည် ရောင်းချလျက်ရှိသလိုဒေသ တွင်းမွေးမြူရေးခြံများမှ ဝယ်ယူရောင်းချလျက်ရှိရာ အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။

          မြင်းခြံမြို့အေးမြသီတာဈေးတွင်ဈေးနှုန်းများအနေဖြင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ် တွင်ကြက်ဥများ ဈေးအနည်းငယ်ကျ၍အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်းသိရှိရပါသည်။ ကြက်ဥ အကြီးအသေးပေါ်မူတည်၍ ကြက်ဥ(၁၀)လုံးလျှင်(၄၂၀၀/၄၅၀၀)ကျပ် ဈေးရှိပြီး တစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်ဈေးဖြင့် နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း ကြက်ဥရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)