
အက်စတာ(ခေါ်)လီလီပန်းများ မန္တလေးမြို့သို့စတင်ဝင်ရောက်နေပြီဖြစ်ပါသည်။ လီလီပန်းများကို တောင်ပေါ်ဒေသအေးမြသည့်ရာသီဉတုရှိသည့် တောင်ကြီး၊ အောင်ပန်း၊ ရပ်ဆောက်၊ ပြင်ဦးလွင်နှင့်ရွာငံဒေသများမှ ထွက်ရှိပါသည်။ လီလီပန်းသည် တာရှည်ခံ သည့် ပန်းအမျိုးအစားတစ်မျိုးဖြစ်ပြီး ဘုရားပန်းတင်ထားလျှင် ၄၅ ရက်မှ ရက် ၆၀ အထိ အလှမပျက်ခံသည့်အတွက် အိမ်ရှင်မများအထူးကြိုက်နှစ်သက်ခြင်း၊ ပန်းအလှဆင်ခြင်း လုပ်ငန်းများဆောင်ရွက်ကြရာတွင် အလှဖန်တီးရှင်များမှ လီလီပန်းအသုံးပြုမှုများသည့် အတွက် ရောင်းဝယ်မှုအား ကောင်းသည့်ကုန်စည်တစ်မျိုးဖြစ်ပါသည်။ ဈေးနှုန်းဈေးကွက် အနေနှင့် လီလီပန်း (၁)ခက်လျှင် ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်၊ (၅)ခက် တစ်စီးလျှင် ၁၀၀၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်၊ ရက်အနည်းငယ်ကြာသည့်ပန်းများကို (၁)ခက်လျှင် ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်၊ (၅)ခက် တစ်စီးလျှင် ၇၁၀၀ ကျပ်မှ ၈၀၀၀ ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်မှုရှိပြီး ယခုရာသီသည် မင်္ဂလာအခမ်းအနားများပြုလုပ်လျက်ရှိသောရာသီ ဖြစ်သည့်အားလျော်စွာလီလီပန်းများ ရောင်းဝယ်အားကောင်းပြီး မန္တလေးမှတစ်ဆင့် ရန်ကုန်၊ မိတ္ထီလာ၊ ပြည်၊ ပဲခူးနယ်များသို့လည်း ကုန်စည်စီးဆင်းမှုရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
