
တံတားဦးမြို့နယ်တဝိုက်နှင့် မြင်းခြံ၊ ကျောက်ပန်းတောင်းနယ်များမှ ထန်းမြစ်များ မန္တလေး ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိသည်။ အညာဒေသထွက် ရာသီစာထန်းမြစ်များသည် ဆောင်းဦးကာလတွင်သာရရှိနိုင်သည့် ရာသီစာဖြစ်သည့်အတွက် နှစ်သက်မြတ်နိုးစွာစားသုံးလေ့ရှိသည့် မြန်မာ့ရာသီစာ အစားအစာတစ်မျိုးလည်းဖြစ်ပါသည်။
နိုဝင်ဘာနှင့်အတူ ဆောင်းအနှစ်သာရ၌ သက်ဝင်လျက် ဆည်းဆာချိန်နေဝင်အလှသည် လမ်းတလျှောက်ရှိ ထမ်းမြစ်ဖုတ်အငွေ့တလူလူနှင့်အပြိုင် လမ်းသွားလမ်းလာ လူအများအား ဆွဲဆောင် ငြှို့ငင်လျက်ရှိသည်။ ဝယ်ယူစားသုံးရသည့် ထန်းမြစ်ဖုတ်ဈေးနှုန်းများအနေဖြင့် (၁)ချောင်းလျှင်(၅၀၀) ကျပ် ဖြစ်ပြီး ထို ထန်းမြစ်များ ဈေးကွက်ဝင်ရောင်းဝယ်မှုရှိကြောင်း သိရပါသည်။
ထန်းမြစ်ဈေးနှုန်းဈေးကွက်အနေနှင့် တံတားဦးနယ်တဝိုက်မှထွက်ရှိသော ထန်းမြစ်များကို (၂၅) ချောင်း (၁)စီးလျှင် ၄၅၀၀ ကျပ်မှ ၅၀၀၀ ကျပ် ၊ မြင်းခြံနှင့် ကျောက်ပန်းတောင်းနယ်များမှ ဝင်ရောက်သည့် ထန်းမြစ် ၂၅ ချောင်း (၁)စီးလျှင် ၅၅၀၀ ကျပ် မှ ၆၀၀၀ ကျပ်ဖြင့် ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
DOCA(မန္တလေး)
