၂၀၂၅/၂၀၂၆ခုနှစ်၊မြင်းခြံမြို့နယ်၏ပဲကြီး(မိုး)စိုက်ပျိုးထားရှိမှု

Powered by Drupal

           အပူပိုင်းမိုးနည်းရပ်ဝန်းဒေသဖြစ်သော မြင်းခြံမြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်းတွင်တည်ရှိ၍  မိုးကောင်းသောက်ဧရိယာများတွင် ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့် ဆေးရွက်ကြီး၊ ပြောင်းနှင့် ကြက်သွန်နီများစိုက်ပျိုးလျက်ရှိကြောင်းသိရှိရသည်။ ပဲကြီး(မိုး)ကို ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင်စတင်စိုက်ပျိုးပြီး၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ရိတ်သိမ်းထွက် ပေါ်ကြောင်း သိရှိရသည်။ ၂၀၂၅/၂၀၂၆ ခုနှစ်တွင် ပဲကြီး (မိုး) သီးနှံအား စီမံကိန်း(၃၀၀) လျာထားဧကအနက် (၃‌၇၇)ဧက စိုက်ပျိုးထားရှိကြောင်း၊ စီမံကိန်းလျာထား ဧကထက် (၇၇)ဧကကျော် ပိုမိုစိုက်ပျိုးထားကြောင်း၊ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်း များအရသိရှိရသည်။ ပဲကြီး (မိုး) သီးနှံကို လှိုင်းတက်ကျေးရွာ၊ ဘောလုံးကျေးရွာ၊ ဓါးကျွန်းရွာ၊ ဖိုးတုတ်ဖြူရွာ နှင့် သဲဖြူဝရွာများတွင်စိုက်ပျိုးထားကြောင်း၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့်  ပဲကြီးတစ်ဧကလျှင် (၈-၉)ခန့်ထွက်ရှိကြောင်း၊ ပင်ကြား၊တန်းကြား (၃ပေ×၃ပေ) စနစ်ဖြင့် စိုက်ပျိုးထားရှိကြောင်း၊ မိုးကိုမျှော်၍စိုက်ပျိုးရသော သီးနှံဖြစ်သောကြောင့် ရာသီဥတုကောင်းမွန်ပါက ယခင်ထက်အထွက်နှုန်း ကောင်းနိုင်ကြောင်း ပဲကြီးစိုက်တောင်သူတစ်ဦး၏ ပြောပြချက် အရသိရှိရသည်။

DOCA(မန္တလေး)