
မြင်းခြံမြို့ အေးမြသီတာဈေးအတွင်းတွင် ကျောက်ဖရုံသီးများရောင်းချလျက်ရှိပါသည်။ ထိုကျောက်ဖရုံသီးများသည် မြင်းခြံမြို့နယ်တွင်း နွားဘူးအိုင် ၊ ဆီမီးခုံ ၊ ယုန်ထိုး ၊ တလုပ် ၊နယ်ခြား နှင့် ရေစကြိုမြို့နယ်များမှဖြစ်ကြောင်း သိရသည်။ ကျောက်ဖရုံသီးအနေဖြင့် မိုးစိုက် ၊(မိုးသီး) နှင့်ဆောင်း စိုက်(ဆောင်းသီး)ရယ်လို့ နှစ်မျိုးရှိကြောင်း ၊ မိုးသီးသည် ၆ လ ၇ လအထားခံ၍ ရောင်းချရပြီး ဆောင်းသီးသည် နှစ်ပေါက်အထားခံ၍ရောင်းချရကြောင်း၊ကျောက် ဖရုံသီးရောင်းချသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ ဈေးနှုန်းအနေဖြင့် ၃၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်အတွင်းရှိပြီး အလုံးအရွယ် အစား အကြီးအသေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှု ရှိှကြောင်းသိရသည်။ ဈေးကွက်အနေဖြင့် အလှူပွဲ ၊ မင်္ဂလာပွဲများကိုသာ အားကိုးအားထူးပြု ရောင်းချရပြီး ကျောက်ဖရုံယိုလုပ်ငန်း(ယိုလုပ်ငန်း) ရှင်များအနေဖြင့် စိုက်ခင်းပိုင်ရှင်များဖြင့် တိုက်ရိုက်ချိတ်ဆက်ရောင်းဝယ်လျက်ရှိပါသည်။
DOCA(မန္တလေး)
