စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဉီးစီးဌာန၊ ကလေးဝမြို့နယ်တာဝန်ခံသည် အောက်တိုဘာလ ( ၃ ) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်၌ ကလေးဝမြို့ ( အမှတ်-၂ ) ကျောင်းတွင် အားကစားနှင့်လူငယ်ရေးရာဆိုင်ရာ ဦးစီးဌာနနှင့် ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမ ( ၉ ) ဉီး၊ ကျောင်းသား/ ကျောင်းသူ ( ၂၄၇ ) ဦး၊ စုစုပေါင်း( ၂၅၆ )ဦး တက်ရောက်ခဲ့ပါသည်။ ဦးစွာပထမ ကျောင်းအုပ်ဆရာကြီး ဦးစိန်မြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနှ ဦးစီးအရာရှိ ဒေါ်ခင်ပြုံးရီမှ အားကစားပြုလုပ်ခြင်းဖြင့် ခန္ခာကိုယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေးကောင်းမွန်စေရေးအတွက် အားကစားပညာရပ်များ၊ ကိုယ်လက်လေ့ကျင့်ခန်းများကို ပုံမှန်နေ့စဉ်လေ့ကျင့်သင့်သည့်အကြောင်း အရာများ ဆွေးနွေးပြောကြားခဲ့ပြီး၊ ကလေးဝမြို့နယ် စားသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးကျော်ကျော်မိုးမှ စားသုံးသူအခွင့်အရေးသိကောင်းစရာများ၊ အစားအစာများ၊ ဆေးဝါးများကို ဝယ်ယူအသုံးပြုရာတွင် သတိပြုဝယ်ယူရမည့် အချက်အလက်များကို အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲအခမ်းအနားကို နံနက်(၁၁:၀၀)နာရီ အချိန်တွင် ပြီးမြောက်ခဲ့ပါကြောင်း သတင်းရရှိရပါ သည်။
DOCA(စစ်ကိုင်း)