မန္တလေးစျေးကွက်တွင်ပဲသီးတောင့်ရှည်စျေးမြင့်တက်

Powered by Drupal

               ကုန်စိမ်းစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်း ပြည်နယ်တို့မှ ထွက်သည့်ပဲသီးတောင့်ရှည်ကုန်စိမ်းများ ဝင်ရောက်မှုအနည်းငယ်လျော့ကျပြီး၊ စျေးအနည်းငယ်မြင့်တက်သွားကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း ဝင်ရောက်လျှက်ရှိသည့်ပဲသီး တောင့်ရှည်များအား အစိမ်းရောင်နှင့်ခရမ်းရောင်ပဲသီးတောင့်များ တွေ့ရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာစျေးနှင့်၄၁လမ်းစျေးရှိကုန်စိမ်းစျေးကွက်တွင်၂၀၂၅ခုနှစ်နိုဝင်ဘာလတတိယပတ်အတွင်းဖြစ်ပေါ်သည့်ပဲသီးတောင့်ရှည်စျေးနှုန်းများမှာ၁ပိဿာလျှင်လက္ကားစျေး၃၅၀၀ကျပ်နှင့်၄၀၀၀ကျပ်၊လက်လီစျေး ၅၀၀၀ ကျပ်နှင့်၅၅၀၀ကျပ်စျေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ပဲသီးတောင့်ရှည်ပေါက်စျေးမှာ နိုဝင်ဘာလဒုတိယပတ်ပေါက်စျေးနှင့်နှိုင်းယှဉ်ပါက ၁ ပိဿာ လျှင် ၅၀၀ကျပ်စျေးမြင့်တက်သွားကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။

 DOCA (မန္တလေး)