ကွင်းဆင်းစုံစမ်းချက်အရ မြိတ်မြို့ရှိ ဘိလပ်မြေစျေးနှုန်း

Powered by Drupal

     တနင်္သာရီတိုင်း၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၁၈)ရက် နေ့တွင် မြိတ်မြို့၊ တောရကျောင်းရပ်ရှိ ဘိလပ်မြေရောင်းချနေသော ကုန်မာဆိုင်များသို့သွားရောက်၍ ဒေသတွင်း ဘိလပ်မြေစျေးနှုန်းနှင့် လက်ကျန်အခြေအနေတို့ကို ကွင်းဆင်းစုံစမ်းခဲ့ကြောင်း သိရှိ ရပါသည်။

    အဆိုပါ ဘိလပ်မြေအရောင်းဆိုင်သို့ကွင်းဆင်းရာ၌ မြိတ်မြို့အတွင်း ဘိလပ်မြေဝင်ရောက် နေမှု၊ လက်ကျန်အခြေအနေနှင့် စျေးနှုန်း တို့ကိုမေးမြန်းခဲ့ရာ မြိတ်မြို့တွင် ဘိလပ်မြေ အယ်လ်ဖာ တစ်အိပ်စျေးနှုန်း ၂၇၀၀၀ကျပ်၊ ကြံ့တစ်အိတ် ၂၇၀၀၀ကျပ်နှင့် ဆင်နီတစ်အိတ်လျှင် ၂၈၀၀၀ခန့်ဖြစ် ပေါ်နေပြီး ဒေသအတွင်းဖြစ်သင့်ဖြစ်ထိုက်သောစျေးနှုန်းများဖြင့်ရောင်းချရန်နှင့် စျေးနှုန်းမမြှင့်တက် စေရေးတို့အတွက် ပစ္စည်းပြတ်လပ်မှုမရှိစေရေးဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)