မန္တလေးစျေးကွက်ရှိ ကြက်ဥ၊ဘဲဥနှင့်ငုံးဥများ တန်ဆောင်မုန်းလအခါသမယတွင် ဝယ်ယူမှု များပြားခြင်းနှင့် ဝင်ရောက်မှုအနည်းငယ်လျော့ကျသွားခြင်းတို့ကြောင့် စျေးအနည်းငယ်မြင့်တက် သွားကြောင်း သိရှိရပါသည်။ မန္တလေးစျေးကွက်အတွင်းပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာ မွေးမြူ ရေးခြံထွက်ကြက်ဥများ ဝင်ရောက်မှုအများဆုံးဖြစ်ကြောင်းသိရှိရပါသည်။ ဘဲဥနှင့်ငုံးဥမှာ အမရပူရ၊ ပုသိမ်ကြီး၊မတ္တရာ၊စဉ့်ကိုင်၊ကျောက်ဆည်မြို့နယ်များရှိ မွေးမြူရေးခြံတို့မှ ဝင်ရောက်ကြောင်း သိရှိရ ပါသည်။၂၀၂၅ ခုနှစ်နိုဝင်ဘာလတတိပတ်အတွင်း ဖြစ်ပေါ်ခဲ့သောလက္ကားစျေးမှာ ကြက်ဥ (၃၀လုံးပါ ၁၀ကဒ်)တစ်ဆွဲလျှင်၁၃၅၀၀ဝိ/- နှင့်၁၃၈၀၀ဝိ/-၊လက်လီစျေးအနေဖြင့် ကြက်ဥ တစ်လုံးလျှင် ၄၅ဝိ/-နှင့်၅၀ဝိ/- ၊ဘဲဥတစ်လုံးလျှင် ၅၈ဝိ/-နှင့် ၆၀ဝိ/- ၊ငုံးဥ(၁၀)လုံးလျှင် ၂၃၀ဝိ/- နှင့် ၂၅၀ဝိ/- စျေးဖြင့်ရောင်းချလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း စျေးသည်တစ်ဦး၏ပြောပြချက်အရသိရှိရပါသည်။
DOCA(မန္တလေး)
