ကျွန်းလှမြို့တွင် ရောင်းချနေသော ယာကွန်ဥ (ခေါ်) ရေကန်ဇွန်းဥ  ဈေးနှုန်း

Powered by Drupal

            ကျွန်းလှမြို့တွင် သစ်သီးမျိုးစုံ နှင့် ကုန်ပစ္စည်းမျိုးစုံတို့ဖြစ်သည့်  နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သင်္ဘောသီး၊ ဖရဲသီး၊ ဩဇာသီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊  ဒညှင်းသီး  ၊ဖရဲသီး နှင့် ယာကွန်ဥ စသည်တို့ကို  မန္တလေးမြို့နှင့် ရှမ်းပြည်နယ်တို့မှ တဆင့် မှာယူရောင်းချလျက်ရှိကြောင်းသိရ သည်။

         ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယအပတ်တွင် သစ်ရာမြိုင်ဈေးအတွင်း ရောင်းချနေသော ယာကွန်ဥ(ခေါ်)ရေကန်ဇွန်းဥ ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ၅၀ကျပ် သားလျှင် (၇၅၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)