ကမ္ဘောဒီးယားနိုင်ငံ၏ EU နှင့် အာဆီယံသို့ ပို့ကုန်များသည် ၂၀၂၅ ခုနှစ် ပထမ ၁၀ လ အတွင်း တိုးလာ

Powered by Drupal

              စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဦးစီးဌာန၏ နိုဝင်ဘာလ ၁၈ ရက်နေ့ အစီရင်ခံစာ အရ ကမ္ဘောဒီးယားသည် ၂၀၂၅ ခုနှစ် ပထမ ၁၀ လ အတွင်း ဥရောပသမဂ္ဂ (EU) နှင့် အရှေ့ တောင်အာရှနိုင်ငံများအသင်း (ASEAN) သို့ ပို့ကုန်များသည် ဂဏန်းနှစ်လုံးဖြင့် တိုးတက်ခဲ့ပါ သည်။

          ကမ္ဘောဒီးယား နိုင်ငံသည် ဇန်နဝါရီ-အောက်တိုဘာ ကာလအတွင်း EU ဈေးကွက်သို့ အမေရိကန်ဒေါ်လာ ၄.၂၁ ဘီလီယံ တန်ဖိုးရှိ ကုန်ပစ္စည်းများတင်ပို့ခဲ့ပြီး ယခင်နှစ်အလားတူ ကာလ ထက် ၁၇.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

          ကမ္ဘောဒီးယား နိုင်ငံသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၄.၈ ဘီလီယံ တန်ဖိုးရှိ ကုန်ပစ္စည်းများ တင်ပို့ခဲ့ရာ ယခင်နှစ် အလားတူကာလထက် ၁၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။

          EU ဈေးကွက်သည် ၂၀၂၅ ခုနှစ် ပထမ ၁၀ လ အတွင်း ၂၅.၉ ဘီလီယံ တန်ဖိုးရှိသော ကမ္ဘောဒီးယားနိုင်ငံ၏ စုစုပေါင်းပို့ကုန်ပမာဏ ၁၆.၂ ရာခိုင်နှုန်း ရှိပြီး အာဆီယံ ဈေးကွက်တွင် ၁၈.၅ ရာခိုင်နှုန်းရှိကြောင်း သိရှိရပါသည်။

          ကမ္ဘောဒီးယားမှ EU သို့ အဓိက တင်ပို့သည့် ပစ္စည်းများမှာ အဝတ်အထည်၊ အထည် အလိပ်၊ ဖိနပ်၊ ခရီးဆောင်ပစ္စည်း၊ အိတ်၊ စက်ဘီး၊ ကားတာယာနှင့် အီလက်ထရွန်းနစ်ပစ္စည်း အချို့အပြင် ဆန်၊ သီဟိုလ်စေ့၊ ငှက်ပျော်သီးစသည့် စိုက်ပျိုးရေးထွက်ကုန်များဖြစ်ကြောင်း စီးပွားရေးဝန်ကြီးဌာန၏ အတွင်းဝန်နှင့် ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က ပြောကြားခဲ့ပါ သည်။

          ကမ္ဘောဒီးယားမှ အာဆီယံ သို့ အဓိက တင်ပို့သည့် ပစ္စည်းများမှာ အဝတ်အထည်၊ ဖိနပ်၊ ခရီးဆောင်ပစ္စည်း၊ အိတ်၊ ကားတာယာနှင့် အီလက်ထရွန်းနစ်ပစ္စည်းနှင့် စိုက်ပျိုးရေးထွက်ကုန် များပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)