
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာန၊ ခန်းမတွင် မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့်အတူ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ တွေ့ဆုံဆွေးနွေးပွဲကို (၁၅-၁၁-၂၀၂၅) ရက်နေ့ နံနက် ၁၁ နာရီက သိုလှောင်ရုံလုပ်ငန်းများ၊ စပါးဆန်လက်ကျန်စာရင်းများ ပြုလုပ်ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆန်စက်လုပ်ငန်းရှင်အသင်းနှင့် သိုလှောင်ရုံပိုင်ရှင်များကို စားသုံးသူရေးရာဦးစီးဌာနက ဦးအောင်လွင်မှ အသိပညာပေးပြောကြားရာတွင် စီးပွားရေးလုပ်ငန်းအလို့ငှာ ဆန်တန်ချိန် ၅၀ သို့မဟုတ် စပါးတင်း ၅,၀၀၀ နှင့်အထက် သိုလှောင်သည့် ဆန်စပါးသိုလှောင်ရုံပိုင်ဆိုင်သူများအနေဖြင့် မိမိတို့၏ သိုလှောင်ရုံများကို Myanmar Rice Online (MyRo) - www.myro.com.mm တွင် မဖြစ်မနေ မှတ်ပုံတင်ဆောင်ရွက်ပေးကြပါရန် ကြော်ငြာဆောင်ရွက်ခဲ့ပြီး ညောင်တုန်းမြို့နယ်မှ လုပ်ငန်း ၇၇ခု မှတ်ပုံတင်ဆောင်ရွက်ပြီးစီးပြီး သက်တမ်းတိုးခြင်းများလည်ဆောင်ရွက်ပြီး စီးပြီးဖြစ်သလို၊ တစ်နှစ်ပြည့်သိုလှောင်ရုံများ သက်တမ်းတိုးနိုင်ရေးနှင့် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ကုန်လက် ကျန် အခြေအနေများအား မပျက်မကွက်ထည့်သွင်းပေးရန်နှင့် လိုက်နာမှုမရှိပါက စီမံခန့်ခွဲရေးနည်း လမ်းအရအရေးယူမှုများ ဆောင်ရွက်သွားရန် ဌာနမှလမ်းညွှန်မှုများရှိသဖြင့် လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် လကုန်ရက်များတွင် ရထုတ်ကျန်စာရင်းများကို လုပ်ငန်းရှင်များက မိမိကိုယ်ပိုင် လယ်ဂျာစာအုပ်တွင် ရေးသွင်းမှတ်သားပြီး စားသုံးသူရေးရာဦးစီးဌာနသို့ စာရင်းပေးပို့ရန် မိမိတို့ဌာနအနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြေပြင်အခြေအနေမှန်စာရင်းသိရှိလိုပါက အချိန်နှင့် တပြေးညီ တင်ပြနိုင်ရေးအတွက် ဆောင်ရွက်ထားရန်လိုအပ်သောကြောင့် လုပ်ငန်းရှင်များက ပူးပေါင်းဆောင်ရွက်စေလိုကြောင်း မြေပြင်အခြေအနေမှန်များကို လစဉ် ကွင်းဆင်းကြပ်မတ်စစ်ဆေးဆောင်ရွက်ခြင်းများလဲ ရှိမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော လုပ်ငန်းရှင်များက သိုလိုသည်များမေးမြန်းကြသဖြင့် ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း တက်ရောက်သူ (၄၀)ဦးရှိကြောင်း သိရသည်။
DOCA(ဧရာဝတီ)
