
တောင်သာမြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံစေရေးနှင့် ပိုလျှံရေးအတွက် အရေးကြီးသီးနှံတစ်မျိုးဖြစ်သည့် မိုးနေကြာများစိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။ နေကြာ(မိုး)သီးနှံအား ဩဂုတ်လ၊ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ရိတ်သိမ်းထွက် ပေါ်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄)လခန့်ကြာမြင့်ကြောင်းသိရှိရသည်။ ၂၀၂၅/၂၀၂၆ ခုနှစ်၊ နေကြာ(မိုး)ကို တစ်မြို့နယ်လုံးအနေဖြင့် စီမံကိန်းလျာထားဧက (၄၇၅)ဧက ရှိသည့်အနက် စိုက်ဧက (၅၀၂) ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်း၊ စီမံကိန်းလျာထားဧကထက် (၂၇)ဧကကျော် ပိုမိုစိုက်ပျိုးထားကြောင်း၊ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန၏စာရင်းများ အရသိရှိရသည်။ ယခင်နှစ်တစ်ဧက အထွက်နှုန်းအနေဖြင့်(၂၃)တင်းခန့်ထွက်ရှိခဲ့ကြောင်း၊ ယခင်နှစ်ထွက်ပေါ်ချိန်တွင် ဆီနေကြာတစ် ပိဿာလျှင် (၆၅၀၀)ကျပ်ခန့် ပေါက်ဈေးများရှိခဲ့ကြောင်း၊ နေကြာ(မိုး)သီးနှံကို ကျွဲဇင်းရွာ၊ ခါးတက်ကုန်းရွာ၊ ငါးပင်စင်ရွာ၊ ဆည်ကုန်းရွာနှင့် ဆုံးကုန်းရွာ တို့တွင်စိုက်ပျိုးထားရှိကြောင်း၊ တောင်သူများအနေဖြင့် ဆင်းရွှေကြာ-၂နှင့် ရေဆင်းစပ်မျိုး-၁ နေကြာမျိုးကို အဓိကစိုက်ပျိုးကြကြောင်း၊ စိုက်နည်းစနစ်၊ အပင်ပြုမှု၊ သွင်းအားစုနှင့် ရာသီဥတုကောင်းပါက အထွက်နှုန်းကောင်းနိုင်ကြောင်း နေကြာစိုက်တောင်သူများထံမှ သိရှိရပါသည်။
DOCA(မန္တလေး)
