
မိတ္ထီလာဈေးကွက်တွင် နိုဝင်ဘာလ၌ ငါးမြင်းဈေးငြိမ်နေကြောင်း သိရသည်။ ငါးဈေးကွက် ငါး ကြင်း၊ ငါးမြင်း၊ ငါးတန်၊ ငါးရံ့၊ ငါးဖယ်စသည့်ဖြင့် ငါးအမျိုးမျိုးအနက် ငါးမြင်းမှာ အကြေးခွံ့မရှိဘဲ အသားများသော ငါးဖြစ်ပါသည်။ ငါးမြင်းကိုကြော်၍လည်းကောင်း၊ချက်၍တစ်မျိုးစားသုံးကြရာ ငါးမြင်း ဈေးအနေဖြင့်ခုတ်သား နှစ်ဆယ့်ငါးကျပ်သား (၄၀၀၀) ကျပ်၊ ငါးခေါင်းမှာ တစ်ပိဿာ (၄၀၀၀) ကျပ် ဈေးတို့ဖြင့် ဈေးငြိမ်နေပါသည်။ ငါးကြင်းခုတ်သားထက်ဈေးနိမ့်ပြီး ငါးကြင်းကဲ့သို့အသားများသည့် အတွက် စားသုံးသူများကြိုက်နှစ်သင်သည်ကို တွေ့ရသည်။ ငါးခေါင်းမှာလည်း ငါးအကောက်ကြီးများ ဖြစ်သည့်အတွက် အဆီများပြီး ချဉ်ပေါင်ရှက်၊ မုန်ညှင်းရွက်တို့ဖြင့် ဟင်းရည်ချက်စားသုံးကြသည့် အတွက် ဈေးကွက်တွင် အရောင်းသွက်လျက်ရှိသည်။ မိတ္ထီလာဈေးကွက်သို့ ငါးကြီးများ၊ ပင်လယ်ငါး နှင့် ပုဇွန်ထုပ်တို့မှာ ရန်ကုန်မှ အများဆုံးဝင်ရောက်ကြောင်းသိရသည်။
DOCA(မန္တလေး)
