ကန့်ဘလူမြို့ရှိ ငါးဖယ်နှင့်ငါးဖယ်ခြစ်ဈေးနှုန်းအခြေအနေ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ရာသီပေါ်သီးနှံ များ၊ အသားမျိုးစုံနှင့် ဒေသထွက်ငါးအမျိုးမျိုးကိုလည်းရောင်းချလျက်ရှိရာ ငါးဖယ်မှာလည်း အပါအဝင်ဖြစ်ပါသည်။ ငါးဖယ်များကို ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်များမှ ဝင်ရောက် လျက်ရှိပြီး ငါးဖယ်ကို  အကောင်အတိုင်းရောင်းချမှုအပြင် အသားကိုခြစ်၍လည်း ငါးဖယ်ခြစ်အ ဖြစ်ရောင်းချလျက်ရှိကြောင်း၊ငါးဖယ်ခြစ်မှာ  အရိုးမပါသဖြင့် ချက်ပြုတ်သူအိမ်ရှင်မများအတွက် လွယ်ကူကောင်းမွန်သော ငါးတစ်မျိုးဖြစ်သည်။ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ရောင်းချလျက်ရှိသော ငါးဖယ်အကောင်လိုက်ဈေးနှုန်းမှာ ငါးဖယ်အကောင်လိုက်()ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၈၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၄၀၀၀)ကျပ်နှင့်ငါးဖယ် ခြစ်()ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၅၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါး၊ပုဇွန်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)