အောက်တိုဘာလစတုတ္ထပတ်တွင် မင်းဘူးမြို့နယ်အတွင်းရောင်းချလျက်ရှိသော ကြက်သွန်နီ မှာ(၁)ပိဿာလျှင် ကျပ်(၄၀၀၀)ဖြစ်ပြီး နိုဝင်ဘာလ ပထမပတ်တွင် ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ် (၄၃၀၀)ဖြစ်၍ ဈေးအနည်းအငယ်တက်လာကြောင်း ကြက်သွန်နီမှာ အသစ်မပေါ်သေးမီ သိုလှောင်လက်ကျန်လျော့နည်းလာသည့်အတွက် ဈေးမြင့်တက်ခြင်းဖြစ်ကြောင်းသိရှိရပါသည်။
စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်ဖြူ (ကြူကုတ်) ၁ပိဿာလျှင်ကျပ် (၄၅၀၀)၊ ကြက်သွန်ဖြူ (ဗမာ)၁ပိဿာလျှင်ကျပ်(၄၀၀၀)၊ အာလူး၁ပိဿာလျှင် ကျပ်(၂၅၀၀)၊ ငရုတ်ခြောက်ရှည် ၁ပိဿာလျှင်ကျပ်(၁၆၀၀၀)၊ မန်ကျည်းသီးမှည့် ၁ပိဿာလျှင်ကျပ်(၄၂၀၀)ဖြစ်ပြီး ဈေးငြိမ်လျှက် ရှိကြောင်း သိရှိ ရပါသည်။
စားသုံးဆီများမှာလည်း နှမ်းဆီ ၁ပိဿာလျှင် ကျပ်(၉၀၀၀)၊ ပဲဆီ ၁ပိဿာလျှင် ကျပ်(၉၀၀၀)၊ စားအုန်းဆီ ၁ပိဿာလျှင်ကျပ်(၆၅၀၀)ဖြစ်ပြီး စက်တင်ဘာလထက် ၁ပိဿာ ကျပ်(၁၀၀၀ မှ ၁၅၀၀) ဈေးကျကြောင်း၊ စားအုန်းဆီ ဈေးကျသည့်အတွက် ပဲဆီ၊ နှမ်းဆီ ဈေးလည်း ကျဆင်းသွားခြင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)