ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော တည်သီး၊ ပျားလိမ္မော်သီး နှင့် ထောပတ်သီး ဈေးနှုန်း

Powered by Drupal

     ကျွန်းလှမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သင်္ဘောသီး၊ ပျားလိမ္မော်သီး၊ ဖရဲသီး၊ ဩဇာသီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊  ဒညှင်းသီး  နှင့် ဖရဲသီးများကို  ရောင်းချလျက်ရှိကြောင်းသိရ သည်။

     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ရောင်းချနေသော တည်သီး ဈေးနှုန်းများမှာ တည်သီး အကြီး တစ်လုံးလျှင်(၂၅၀၀)ကျပ်၊ အလတ် တစ်လုံးလျှင်(၂၀၀၀)ကျပ်၊ အသေး တစ်လုံးလျှင်(၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊ အလားတူပင် ပျားလိမ္မော်သီး ဈေးနှုန်းများမှာ ပျားလိမ္မော်သီး တစ်ပိဿာလျှင်(၂၀၀၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ် နှင့် ထောပတ်သီး ဈေးနှုန်း များမှာ ထောပတ်သီး အကြီး(၁)လုံးလျှင် (၂၀၀၀)ကျပ်၊ ငွေကျပ် (၅၀၀၀)ဖိုးလျှင်(၃)လုံး နှင့် အသေး (၁)လုံးလျှင်(၁၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်‌ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေး တိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည် ထံမှ သိရသည်။

DOCA(စစ်ကိုင်း)