ဈေးကွက်ခိုင်မာမှုရှိသည့် မုန့်ဖတ်

Powered by Drupal

                ဒေသအသီးသီးရှိ မုန့်ဟင်းခါးဖတ်၊ မုန့်တီဖတ်တို့မှာ စားသောက်ကုန်ဈေးကွက်တွင် အရောင်း အဝယ်ပုံမှန်ရှိသော ကုန်စည်များဖြစ်ပါသည်။ မြန်မာလူမျိုးတို့ ရိုးရာအစားအစာဟုခေါ်ဆိုင်နိုင်သော မုန်ဟင်းခါးကို နံနက်စာ၊ အဆာပြေစားစရာအနေနှင့်သာမက အလှူ၊ မင်္ဂလာပွဲများတွင်ပါ ဧည့်ခံသော အစားအစာဖြစ်ပါသည်။ မုန့်ဟင်းခါး၊ မုန့်တီတို့တွင် ပါဝင်ပစ္စည်းဖြစ်သည့် မုန့်ဖတ်မှာဆန်နှင့်ပြုလုပ်ရ ပြီး၊ ယခုအခါ ဆန်ဈေးငြိမ်နေသည့်အတွက် ဈေးငြိမ်နေပြီး၊ အရောင်းအဝယ်ကတော့ ပုံမှန်ရှိကြောင်း သိရသည်။ ဈေးကွက်တွင် မုန့်ဖတ်ကို မုန့်ဟင်းခါးဖတ်၊ မုန့်တီဖတ်ဟူ၍ ရောင်းဝယ်ရာ တစ်ပိဿာ (၂၈၀၀ -၃၀၀၀) ကျပ်ဈေးရှိပါသည်။မိတ္ထီလာမြို့နယ်တွင် မုန့်ဖတ်လုပ်ငန်း (၁၇) ခုတို့မှ နေ့စဉ်မုန့်ဖတ်ကုန်ချိန် ပိဿာ (၄၀၀-၅၀၀) ခန့် ထုတ်လုပ်ကာ ဈေးကွက်သို့ ဖြန့်ဖြူးရောင်းချကြောင်းသိရသည်။

DOCA(မန္တ‌လေး)