ကျွန်းလှမြို့ဒေသထွက် နဂါးမောက်သီး ၊မာလကာသီး နှင့် ငှက်ပျောသီး ဈေးနှုန်း

Powered by Drupal

    ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိ ရာ နှစ်ရှည်သီးနှံဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ မန်ကျည်းသီးပင်၊ သင်္ဘောသီး မှည့် နှင့် မာလကာသီးပင်များကိုလည်း မိမိတို့ နေအိမ် ခြံစည်းရိုးများနှင့် တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး နဂါးမောက်သီး နှင့် သင်္ဘောသီးများကို မန်ကျည်းအင်းကျေးရွာ၊ အင်းကောင်းကျေးရွာ၊ ရှမ်းစုကျေးရွာ နှင့် မြို့ပေါ်ရပ်ကွက်များမှ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ရောင်းချနေသော ကျွန်းလှမြို့၏ နဂါးမောက်သီး ဈေးနှုန်းများမှာ နဂါးမောက်သီး  အကြီး တစ်လုံးလျှင်(၂၀၀၀)ကျပ်၊  အသေး တစ်လုံးလျှင်(၁၅၀၀)ကျပ် မာလကာသီး ဈေးနှုန်းများမှာ မာလကာသီး အကြီး တစ်လုံးလျှင်(၁၀၀၀)ကျပ်၊ အလတ်(၁)လုံးလျှင် (၇၀၀/၈၀၀)ကျပ်၊ (၂)လုံးလျှင်(၁၅၀၀)ကျပ်၊  အသေး တစ်လုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်း ကောင်း၊ အလားတူပင် အာနီငှက်ပျောသီး တစ်ဖီးလျှင်(၃၅၀၀)ကျပ်၊ ငှက်ပျောသီး ဖီးကြမ်း တစ်ဖီး လျှင်(၃၀၀၀)ကျပ်၊ ခွန်စိမ်းငှက်ပျောသီး တစ်ဖီးလျှင်(၃၀၀၀)ကျပ်ဈေးနှုန်းရှိပြီး ငှက်ပျောဖီး အကြီး အသေးပေါ်မူတည်၍ ဈေးနှုန်းအစားစားတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည် ထံမှ သိရသည်။

DOCA(စစ်ကိုင်း)