
ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း ငါးဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ သဖန်းဆိတ်ဆည်မှ ထွက်ရှိသည့် ရေချို ပုဇွန်ဆိတ် ဈေးနှုန်းသည်လည်း ဈေးကောင်းဖြင့် ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့၌ ရောင်းချနေသော ပုဇွန်ဆိတ် ဈေးနှုန်းများမှာ ဆကာတင် အကောင်ကြီး လက်လီဈေး တစ်ပိဿာ(၂၃၀၀၀)ကျပ်နှင့် အလတ်စ လက်လီဈေး(၁၈၀၀၀)ကျပ်နှင့် အကောင်သေး လက်လီ တစ်ပိဿာ လျှင်(၁၅၀၀၀)ကျပ်ဈေးနှုန်း အသီးသီးတို့ဖြင့် လည်းကောင်း၊ ပုဇွန်ခြောက် ဈေးနှုန်းများမှာ ပုဇွန်ခြောက် အကြီး တစ်ပြည်လျှင်(၅၅၀၀၀)ကျပ်၊ နို့ဆီ(၁)ဘူးလျှင်(၇၀၀၀)ကျပ်၊ ပုဇွန်ခြောက် အလတ် တစ်ပြည်လျှင်(၄၀၀၀၀)ကျပ်၊ အလတ် နို့ဆီ(၁)ဘူးလျှင်(၅၀၀၀) ကျပ် နှင့် ပုဇွန်ခြောက် အသေး တစ်ပြည်လျှင်(၃၂၀၀၀)ကျပ်၊ နို့ဆီ(၁)ဘူးလျှင်(၄၀၀၀)ကျပ် ဈေးနှုန်း အသီးသီးတို့ဖြင့် ရောင်းချ လျက်ရှိကြောင်း နှင့် ကျွန်းလှမြို့ သဖန်းဆိပ်ဆည်မှ ထွက်ရှိသည့် ရေချို ပုဇွန်ဆိတ် နှင့် ပုဇွန်ခြောက်သည် အကောင်သေးပြီး အရမ်းချိုကာ အသားကျစ်လစ်သည့်အတွက် လူကြိုက်များပြီး အရောင်းသွက်ကာ ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)
