“ထန်းမြစ်များစတင်ထွက်ရှိ”

Powered by Drupal

           မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် အပူပိုင်းဒေသဖြစ်သည့်အလျောက် အညာဒေသတွင် ပေါက်ရောက်လျက်ရှိသော ထနောင်း ၊ မန်းကျည်း ၊ ကုက္ကိုပင်များနှင့် ထန်းပင် များလည်းပေါက်ရောက်လျက်ရှိပါသည်။ ထန်းပင်ကို သီးသန့်စိုက်ပျိုးသူများရှိသလို အလေ့ကျပေါက်ရောက်သော အပင်တစ်မျိုးလဲဖြစ်ကြောင်း၊ ထန်းပင်ကို ထန်းရည်ရရှိရန် နှင့် တောင်သူသုံး ပစ္စည်းများဖြစ်သော ထန်းလျှော်တောင်းပြုလုပ်ရန် နှင့် အမိုးအကာအတွက် ထန်းလက်များကို အသုံးပြုလျက်ရှိပါသည်။ ထန်းပင်စိုက်ပျိုးခြင်းဖြင့် ထန်းတစ်ပင်လုံး အသုံးဝင်ကြောင်း ၊ ထန်းပင် အဖိုမှထန်းရည်ခါး နှင့် ထန်းရည်ချိုများထွက်ရှိပြီး ထန်းရည်ချိုမှာ ထန်းညက်ချက်၍ ရောင်းချသလို၊ ကျန်းမာရေးအတွက်လဲ ထန်းရည်ခါးကို စီးပွားဖြစ် ရောင်းချလျက်ရှိကြောင်း ၊ ထန်းအမပင်မှ ထန်းသီးများသီးလာပြီး ရင့်မှည့်ကာ ကြွေကျလာသော ထန်းသီးများကို တွင်းနက်နက်တွင် မြေမြုပ် ထားရကြောင်း၊ မြေမြုပ်ပြီး(၃)လအကြာတွင် ထန်းမြစ်များတူးဖော်၍ ဈေးကွက်အတွင်းသို့ ရောင်းချ လျက်ရှိပါသည်။ ယခု နိုဝင်ဘာလဆန်းမှ စတင်၍ ထန်းမြစ်များ ထွက်ပေါ်နေပြီဖြစ်ကြောင်း ၊ ပေါ်ဦးပေါ်စဖြစ်၍ ဝယ်လိုအားကောင်းကာဈေးနှုန်းများကောင်းမွန်လျက်ရှိကြောင်း၊ ယခင်နှစ်ထန်းမြစ်ပေါ်ချိန်တွင် ထန်းမြစ်(၁၀)ချောင်း တစ်စီးလျှင် (၆၀၀)ကျပ်ဖြင့် ရောင်းဝယ်ခဲ့ပြီး ထန်းမြစ် မီးဖုတ်ပြီးသား တစ်ချောင်းလျှင်(၂၀၀)ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြောင်း၊ ယခုလက်ရှိ ဈေးနှုန်းအနေဖြင့် ထန်းမြစ်(၁၀)ချောင်း တစ်စီးလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းဝယ်ခဲ့ပြီး ထန်းမြစ်မီးဖုတ်ပြီးသား တစ်ချောင်းကို(၂၅၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ၊ ထန်းမြစ် စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွင်း အပူဓာတ်ကို လျော့ကျပေးပြီး ဝမ်းမှန်စေကြောင်း ၊ ခံတွင်းနာ ၊သွားဖုံးနာ၊ လည်ချောင်းနာခြင်း နှင့် အမျိုးသမီးများအတွက် သားအိမ်အားကောင်းစေကြောင်း လေ့လာသိရှိရပြီး ထန်းမြစ်သည် အညာဒေသတစ်ခုထဲတွင်သာထွက်ရှိသောရာသီစာသီးနှံတစ်မျိုးဖြစ်သည့်အတွက်အရွယ်သုံးပါးမရွေးစားသုံးသင့်ပါကြောင်းရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တ‌လေး)