“ကျောက်ဆည်ခရိုင်၏ သင်္ဘောစိုက်ပျိုးမှုနှင့်စျေးနှုန်းဈေးကွက်”

Powered by Drupal

                  မန္တလေးတိုင်းဒေသကြီး ၊  ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်သည့် အလျှောက် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျှက်ရှိပါသည်။စပါး၊ပဲ၊ပြောင်းသီးနှံများအပြင် မိသားစုဝင်ငွေ တိုးပြီးစီးပွားလည်းဖြစ်သော သင်္ဘောပင်ကိုလည်း တောင်သူဦးကြီးများ တိုးချဲ့စိုက်ပျိုးလာကြပါ သည်။ သင်္ဘောပင်ကို အများဆုံးစိုက်ပျိုးသော ရွာများမှာ မင်းစုရွာ၊ အင်ရောင်းရွာ ၊ရဲကြီးရွာနှင့် တောင်တော်ရွာများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ သင်္ဘောမျိုးအနေဖြင့် ပင်ပုမျိုး၊ ထိုင်ဝမ် သင်္ဘောများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ သင်္ဘောမျိုးစေ့ကိုပျိုးထောင်၍ ပျိုးသက်တစ်လခွဲတွင် ရွှေ့ပြောင်းစိုက်ပျိုးရကြောင်း၊ သင်္ဘောစိုက်ပျိုးမှု(၁)ဧက ကုန်ကျစရိတ် အနေဖြင့် မျိုး၊သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း(၈၅၀၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း ၊ သင်္ဘောသီးစျေးနှုန်း အနေဖြင့် အမှည့်တစ်လုံးလျှင် (၂၀၀၀-၂၅၀၀)ကျပ် စျေးနှုန်းရှိကြောင်း ၊ အလုံးအသေးအကြီး ပေါ်မူတည်၍စျေးနှုန်းကွာခြားကြောင်း ၊ သင်္ဘောသီးအစိမ်း တစ်လုံးလျှင်(၁၀၀၀-၅၀၀)ကျပ် အထိ စျေးရရှိကြောင်း ၊စျေးကွက်အနေဖြင့် သစ်သီးဒိုင်များဖြစ်သော ကျောက်ဆည်နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျှက်ရှိပြီး စိုက်ခင်းထဲအရောက် လာရောက်ဝယ်ယူမှုများ လည်းရှိကြောင်း ၊ သင်္ဘောစိုက်ပျိုးမှုတွင်ငွေတစ်လုံးတစ်ခဲတည်းမရရှိသော်လည်း အပတ်စဉ် ဝင်ငွေများရရှိသဖြင့် တောင်သူများ အကျိုးအမြတ်ဖြစ်ထွန်း ကြောင်း သင်္ဘောစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တ‌လေး)