“နဂါးမောက်သီးစျေးနှုန်းစျေးကွက်”

Powered by Drupal

             မန္တ‌လေးတိုင်းဒေသကြီး ၊ ကျောက်ဆည်မြို့နယ်သည် စပါး၊ပဲ၊ပြောင်း၊နှမ်း၊ငရုတ်၊ကြက်သွန် စသည့်စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ပြီး လယ်ယာထွက်သီးနှံများအပြင် ဥယျာဉ်ခြံသီးနှံများကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိပါသည်။ ဥယျာဉ်ခြံသီးနှံများမှာ သရက်၊ မာလကာ၊  သံပုရာနှင့် နဂါးမောက်သီးကို အဓိကထားစိုက်ပျိုးကြပါသည်။ နဂါးမောက်သီးကို တောင်နောက်ကျေးရွာနှင့်သင်တောင်းကျေးရွာများတွင် စိုက်ပျိုးကြပါသည်။နဂါးမောက်သီးတွင် အဖြူသီးနှင့်အနီသီး  ဟူ၍(၂)မျိုးရှိပြီး အဖြူသီးမှာလူကြိုက်များကြောင်း၊ ကျောက်ဆည်နယ်မှ ထွက်သော နဂါးမောက်သီးကို ကျောက်ဆည်မြို့ရှိ မြို့မစျေး၊ အေးမြကြည်လင်စျေးနှင့် သစ်သီးဆိုင်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊  နဂါးမောက်သီးစျေးနှုန်းမှာ ယခင်လက တစ်လုံးလျှင် ၈၀၀/- မှ ၁၀၀၀/- ကျပ်ရှိပြီး ယခုလတွင်  တစ်လုံးလျှင် ၁၀၀၀/- မှ ၁၅၀၀/- ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ အလုံးအကြီး ၊ အသေးပေါ်မူတည်၍ စျေးနှုန်းကွာခြားကြောင်း ၊ ဈေးကွက်အတွင်းတွင် နဂါးမောက်သီးဝင်ရောက်မှု နည်းပါးလာသောကြောင့် ယခင်လကထက် ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်း၊ နဂါးမောက်သီးကို စားသုံးခြင်းဖြင့် အစာခြေစနစ်ကို မြှင့်တင်ပေးခြင်း၊ အသားအရည်လှပစေခြင်း၊ အရိုးကျန်းမာရေးကို ကောင်းမွန်စေခြင်းနှင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်းစသည့်ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း ၊ ကျောက်ဆည်မြို့ရှိ သစ်သီးရောင်းချသည့်ဆိုင်များမှသိရှိရပါသည်။ DOCA(မန္တ‌လေး)