ပဲဈေးကွက်၌ စွန်တာနီ(ပဲနီ)ဈေးနှုန်း အနည်းငယ်ကျဆင်း

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စွန်တာနီ(ပဲနီ)သီးနှံများကို  ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားကျေးရွာများတွင် စိုက်ပျိုးလျက်ရှိပြီး မိုးသီးနှံ စွန်တာနီ(ပဲနီ)(၂၂၀၀)ဧကကျော် စိုက်ပျိုးထားကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။

    ၂၀၂၅ ခုနှစ် နိုဝင်ဘာလ တတိယပတ်အတွင်း စွန်တာနီ(ပဲနီ)တစ်တင်းလျှင် ၈၃၅၀၀/- ကျပ်၊ အကွဲအနာပါ တစ်တင်းလျှင် ၈၃၀၀၀/-ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခုနိုဝင်ဘာလ၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက တတိယပတ်အတွင်း စွန်တာနီ(ပဲနီ) တစ်တင်းလျှင် ၆၀၀၀/-  ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း၊ ဒေသတွင်း စားသုံးပိုလျှံသည့်ပဲများကို မန္တလေးမြို့ရှိ ကုန်စည်ဒိုင်များနှင့်ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း ပွဲရုံလုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)