ကန့်ဘလူမြို့နယ် ဆီထွက်သီးနှံဈေးကွက်ရှိ နှမ်းနက်၊နှမ်းဖြူဈေးနှုန်း

Powered by Drupal

    ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသ တစ်ခုဖြစ်ပြီး ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ မြေထူးကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ဆောင်းနှမ်းကိုအဓိက စိုက်ပျိုး ကြောင်း၊ နှမ်းသီးနှံကို ဒေသတွင်း၌ဆီကြိတ်သော်လည်း ပိုလျှံသောသီးနှံများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများသို့ အဓိကတင်ပို့ကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင် (၂၃၅၀၀၀)ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် (၁၀၀၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ  ယခု နိုဝင်ဘာလ ဒုတိယပတ်၏ ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက တတိယပတ်အတွင်း နှမ်းနက်တစ်တင်းလျှင် (၇၀၀၀)ကျပ်ဈေးနှုန်းမြင့်တက်ပြီး၊ နှမ်းဖြူတစ်တင်းလျှင်(၆၀၀၀)ကျပ် ဈေးနှုန်းကျဆင်းသွား ကြောင်း ဒေသတွင်းသီးနှံပွဲရုံများထံမှ သိရသည်။

DOCA(စစ်ကိုင်း)