
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သံလမ်းဈေးတွင် အသား၊ ငါးများအပြင် ဒေသထွက် အသီးအရွက်များဖြစ်သည့် ဖက်ဖယ်ရွက်၊ ဆူးပုတ်ကြီးရွက်နှင့် ကင်ပွန်းချဉ်ရွက်များကိုလည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် သံလမ်းဈေးတွင်ရောင်းချနေသော ဖက်ဖယ်ရွက်ဈေးနှုန်းမှာ တစ်စည်းလျှင်(၃၅၀)ကျပ်မှ (၅၀၀)ကျပ်၊ ဆူးပုတ်ကြီးရွက်ဈေးနှုန်းမှာ တစ်စည်းလျှင် (၄၀၀)ကျပ်၊(၂)စည်းလျှင် (၇၀၀)ကျပ်နှင့် ကင်းပွန်းချဉ်ရွက်ဈေးနှုန်းမှာတစ်စည်း လျှင် (၂၅၀)ကျပ်မှ (၂)စည်းလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
