
မန္တလေးစျေးကွက်အတွင်း နတ်တော်လအတွင်း ရာသီစာသီးမွှေးငှက်ပျောသီးများ အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ငှက်ပျောသီးစိုက်ပျိုးမှု ၁၃၂၃၀ ဧက၊ ရိတ်သိမ်းမှု ၁၂၈၃၅ ဧက၊ အထွက်နှုန်း ၁၀၅၅.၈၂ နှင့် အထွက်တင်း ၁၃၅၅၁၄၄၀ တင်းဖြစ်ကြောင်း သိရှိရပါသည်။ ဖီးကြမ်း၊ သီးမွှေး၊ ရခိုင်၊ ငှက်ပျောချဉ်နှင့် ရွှေနီငှက်ပျောသီးတို့မှာ စျေးကွက်အတွင်း အများဆုံးတွေ့ရှိရပါသည်။ မတ္တရာမြို့နယ်တွင် စိုက်ပျိုးသည့်ငှက်ပျောသီးမှာ အခွံထူပြီး၊ အရသာမှာအချိုဓါတ်အနည်းငယ်လျော့ကြောင်းနှင့်ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးသည့်ငှက်ပျောသီးမှာ အခွံပါးပြီး၊ အချိုဓါတ်များကြောင်း သိရှိရပါသည်။ ဖီးကြမ်း၊ သီးမွှေးနှင့်ရခိုင်ငှက်ပျောသီးများကို ဘုရားပွဲနှင့် မိရိုးဖလာပွဲများတွင် သုံးစွဲမှုများပြီး၊ ကန်တော့ပွဲတစ်ပွဲတွင် အုန်းသီးတစ်လုံးနှင့် သုံးစွဲသည့် ငှက်ပျောခိုင်အရေအတွက်အလိုက်၊ အလုံးအရွယ်အစားအလိုက် စျေးနှုန်းအမျိုးမျိုးရောင်းချကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလစတုတ္ထပတ်အတွင်း ငှက်ပျောဖီးစျေးနှုန်းများအနေဖြင့် တစ်ဖီးလျှျှ ဖီးကြမ်း (အစိမ်း) ၂၀၀ဝိ/- နှင့် ၃၅၀ဝိ/-၊ ဖီးကြမ်း (အမှည့်) ၂၀၀ဝိ/- နှင့် ၃၀၀ဝိ/-၊ သီးမွှေးငှက်ပျောသီးမှာ ၁၅၀ဝိ/-နှင့် ၂၅၀ဝိ/-၊ (တောင်ငူသီး) ၄၀၀ဝိ/-နှင့် ၅၅၀ဝိ/-၊ရခိုင်ငှက်ပျော သီးနှင့်ငှက်ပျောချဉ်သီးမှာ ၁၅၀ဝ/- နှင့်၂၀၀ဝိ/-၊ ရွှေနီငှက်ပျောသီး(တောင်ငူသီး)မှာ ၅၀၀ဝိ/- နှင့် ၈၀၀ဝိ/- စျေးတို့ဖြင့်ရောင်းချကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
