
ဖိလစ်ပိုင်နှင့် ဥရောပသမဂ္ဂတို့ကြား ဉာဏ်ရည်တုနည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
နိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု မြှင့်တင်ရေးအပါအဝင် ဆိုက်ဘာကွန်ရက်မြှင့် တင်ရေး၊ ကမ္ဘာမြေ စူးစမ်းလေ့လာရေးဆိုင်ရာ ဉာဏ်ရည်တုနည်းပညာ၊ ဆိုက်ဘာလုံခြုံရေးစ သည့် ကိစ္စရပ်များ ဆောင်ရွက်ရေးအတွက် တန်ကြေး ယူရို ၂၂ ဒသမ ၆ သန်းရှိသည့် ၎င်းပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
ဥရောပသမဂ္ဂ၏ ဒစ်ဂျစ်တယ်၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးကွန်ရက်များကို မြှင့်တင် ရေးနှင့် မိတ်ဖက်နိုင်ငံများ၏ ကျန်းမာရေး၊ ပညာရေးနှင့် သုတေသနလုပ်ငန်များကို ကူညီပေးရေး အတွက် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်သည်။ ဖိလစ်ပိုင်နှင့် ဥရောပသမဂ္ဂတို့ကြား စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုရည်မှန်းချက်များ အောင်မြင်ရေးအတွက် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်သည်။ ယခု ဆောင်ရွက်ချက်သည် သဘာဝဘေးခံစားနေရသည့် ဖိလစ်ပိုင်နိုင်ငံအတွက် အကျိုးရှိသည့် ဆောင်ရွက်ချက်ဖြစ်ကာ အနာဂတ်တွင်ဖြစ်လာမည့် သဘာဝဘေးများအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဖိလစ်ပိုင်ဘဏ္ဍာရေးဝန်ကြီး ဖရက်ဒရက်ဂိုက ပြောသည်။
Source: ဆင်ဟွာ
DOCA(ပြည်ထောင်စုနယ်မြေ)
