မင်းဘူးမြို့၊ မြို့မဈေး၌ နံနံပင်ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်သွက်လျက်ရှိ

Powered by Drupal

 

       မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ မြို့ပတ်ဝန်းကျင်ရှိ ကျောက်တန်းရွာ၊ ရေတွင်းကုန်း၊ ရေမြတ်စသည့်ကျေးရွာများမှထွက်ရှိသည့် နံနံပင်များသည် နိုဝင်ဘာလ(တတိယပတ်)မှ စတင်၍ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(တတိယပတ်)တွင် နံနံပင်(၁၀)ကျပ်သားလျှင် ကျပ်(၆၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုအချိန်တွင် ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ဈေးကောင်း ရလျက်ရှိသည့် အပြင် အရောင်းအဝယ်မှာလည်း သွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)