ဆောင်းဦးသီးနှံဖြစ်သော ပိန်းဥဈေးနှုန်းအခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်ပတ်ဝန်းကျင်ရှိ ကျေးရွာများဖြစ်သော ဘော်ကျေးရွာ၊ တလုပ်ပင်ကျေးရွာ၊ ပျဉ်ထောင်ကျေးရွာနှင့်ရွာသစ်ကျေးရွာများမှ ပိန်းဥများ သရက် မြို့၊ မြို့မဈေးသို့ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

    နိုဝင်ဘာလသည် ပိန်းဥများလှိုင်လှိုင် ထွက်ရှိသောလဖြစ်ပါသည်။ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (ဒုတိယပတ်)နှင့်(တတိယပတ်)တွင် ပိန်းဥတစ်ပိဿာလျှင် ကျပ်(၃၀၀၀မှ ၃၅၀၀)ထိဈေးရှိပြီး ယခု (စတုတ္ထပတ်)တွင် တစ်ပိဿာလျှင် ကျပ်(၃၅၀၀မှ၄၀၀၀) ဈေးနှုန်းဖြစ်ပေါ်ခဲ့ပါသဖြင့် တစ်ပိဿာ လျှင် ကျပ်(၅၀၀) အတက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပုံမှန်အရောင်းအဝယ် ဖြစ်နေပါ ကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။ ပိန်းဥသည် မြန်မာ့ရိုးရာဟင်းလျာများထဲမှ အဟာရ ပြည့်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာဖြစ်ပြီး လူကြိုက်များ၍ ပုံစံအမျိုးမျိုးဖြင့် ကြော်၍လည်ကောင်း၊ ချက်ပြုတ်၍ သော်လည်ကောင်း စားသုံးရပြီး ရာသီစာအစားအစာအဖြစ် စားသုံးကြကြောင်း သိရှိရပါသည်။

DOCA(မကွေး)