ဈေးနှုန်းမြင့်တက်လာသောဂျူးဖူးသီးနှံ

Powered by Drupal

           မြင်းခြံမြို့နယ်ရှိ အေးမြသီတာဈေးတွင် ဟင်းသီးဟင်းရွက်မျိုးစုံ ရောင်းချလျက်ရှိရာ ဂျူးဖူးသီးနှံများကို ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့တို့မှ မှာယူရောင်းချ ကြောင်းသိရှိရသည်။ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ၌ ရောင်းချနေသော ဂျူးဖူးတစ်စည်းလျှင် ၈၀၀ ကျပ်၊ ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခုလတွင် ဂျူးဖူးတစ်စည်းလျှင် (၁၅၀)ကျပ်ခန့် ဈေးနှုန်းမြင့် တက်ခဲ့ကြောင်း၊ ရာသီချိန်ကုန်ခါနီးပြီဖြစ်၍ ဈေးနှုန်းမြင့်တက်လာခြင်း ဖြစ်ကြောင်း၊ အာဟာရဓာတ် ကြွယ်ဝသောကြောင့် ဈေးကွက်တွင် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ နေ့စဉ်ဂျူးဖူးအစည်းအရေအတွက်(၅၀-၁၂၀)စည်းခန့်ရောင်းချရကြောင်း၊စားသောက်ဆိုင်များသို့လည်း ဖောက်သည်ပေးရကြောင်း၊အရောင်းအ ဝယ် ကောင်းကြောင်း ကုန်စိမ်းရောင်း ချသူတစ်ဦး၏ ပြောပြချက် အရသိရှိရသည်။ ဂျူးဖူးတွင် ပါဝင်သော အာဟာရဓာတ် များသည် အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်ပြီး အစာချေစနစ်ကို ကောင်းမွန်စေကြောင်း၊ ခန္ဓာကိုယ်အတွင်ပိုင်းက အဆိပ်အတောက်များကို ဖယ်ရှားပေးကြောင်း၊ ဖောလစ်အက်ဆစ်ပါဝင်သောကြောင့် ကိုယ်ဝန်ဆောင်သည်အမျိုးသမီးများစားသုံးသင့်ကြောင်း၊ ဗီတာမင်အေပါဝင်သောကြောင့် အမြင်အာရုံနှင့် အဆုတ်ခံတွင်း ကင်ဆာမဖြစ်အောင် ကာကွယ်ပေးကြောင်း၊ ဂျူးဖူးသည်လူကြိုက်များပြီး ချက်ပြုတ်ရာတွင် လွယ်ကူ မြန်ဆန်သဖြင့် စားသုံးမှုများပြားကြောင်း သိရှိရသည်။

DOCA(မန္တလေး)