ပန်းတိမ်ငိုပန်းစျေးအနည်းငယ်ကျဆင်း

Powered by Drupal

                နတ်တော်လရာသီအခါသမယတွင် မန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှထွက်သည့်ပန်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်၊ တောင်ကြီးဒေသတို့မှထွက်သည့်ပန်းတိမ်ငိုပန်းများ ဝင်ရောက်မှု များပြားလျက်ရှိပြီး၊ စျေးအနည်းငယ်ကျဆင်းသွားကြောင်းသိရှိရပါသည်။ ပန်းတိမ်ငိုပန်းများမှာ အဖြူရောင်၊ ခရမ်းရောင်နှင့် မရမ်းရောင် အစီးများတွေ့ရှိရပြီး၊ ခရမ်းရောင်ပန်းမှာ ဝယ်ယူသူ များ ပိုမိုနှစ်သက်ကြောင်း သိရှိရပါသည်။၂၀၂၅ ခုနှစ် နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ် သည့် လက်လီစျေးနှုန်းများမှာ ပန်းတိမ်ငိုပန်း(၁၀ခက်ပါ) ၁ စီးလျှင်ပန်းအခက်(ကြီး)  ၃၀၀၀ကျပ်နှင့် ၃၅၀၀ ကျပ်၊ ပန်းအခက်(သေး) ၂၀၀၀ကျပ်နှင့်၂၅၀၀ကျပ် စျေးတို့ဖြင့် ရောင်းချပြီး၊ ပန်းအခက်အကြီး အသေးအပေါ် မူတည်၍ စျေးကွာခြားမှုရှိကြောင်း သိရှိရပါသည်။ နတ်တော်လအခါသမယဘုရားပွဲနှင့်အလှူပွဲတော်များကျင်းပသည့်အချိန်ဖြစ်၍ ပန်းတိမ်ငိုပန်းမှာစျေးကွက်အတွင်းဝယ်ယူမှုများပြားလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)