နိုဝင်ဘာလနောက်ဆုံးပတ်ရှိ ငါးနှင့်ပုဇွန်စျေးကွက်

Powered by Drupal

              နတ်တော်လအခါသမယတွင် မန္တလေးမြို့၊  သီရိမာလာစျေး(ပိုက်ကျုံးစျေး)တွင်   ငါးနှင့် ပုဇွန် အမျိုးမျိုး ရေထွက်ပစ္စည်းများ  အရောင်းသွက်လျှက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာ လနောက်ဆုံးပတ် အတွင်းဖြစ်ပေါ်ခဲ့သည့်တစ်ပိဿာစျေးနှုန်းများမှာ  ငါးသလောက်   ၂၀၀၀ဝိ/-နှင့် ၄၀၀၀ဝိ/၊ငါးကြင်းဖြူ၁၂၀၀ဝိ/- နှင့်  ၁၇၀၀ဝိ/-၊ ငါးကြင်းမျက်စံနီ၁၃၀၀ဝိ/- နှင့်  ၁၄၀၀ဝိ/- ၊ငါးအုံတုံ ၁၀၀၀ဝိ/-နှင့် ၁၄၀၀ဝိ/-၊ငါးမြစ်ချင်း၊ငါးပတ်နှင့်ငါးရံ့များမှာ ၁၃၀၀ဝိ/- နှင့်၁၈၀၀ဝိ/-၊ တီလားဗီးယား (ဂျပန်ငါး) ၁၀၀၀ဝိ/- နှင့် ၁၂၀၀ဝိ/-၊ကတ်ကတစ်ငါး ၃၀၀၀ဝိ/- နှင့် ၄၃၀၀ဝိ/၊မွေးမြူရေးပုဇွန်စျေးမှာ အမျိုး အစားအလိုက်တစ်ပိဿာလျှင်၁၂၀၀ဝိ/-နှင့်၁၄၀၀ဝိ/-၊  ပုဇွန်ကြားနှင့်   ရေချိုပုဇွန်တုတ်မှာ ၄၅၀၀ဝိ/- နှင့် ၆၀၀၀ဝိ/-၊ ပြည်ကြီးငါး ၃၀၀၀ဝိ/- နှင့် ၅၀၀၀ဝိ/-၊ ဂဏန်း ၁၁၀၀ဝိ/- နှင့် ၁၄၀၀ဝိ/-၊ ကင်းမွန် ၂၀၀၀ဝိ/-နှင့် ၃၅၀၀ဝိ/- ၊ရေဘဝဲ ၂၀၀၀ဝိ/-နှင့် ၄၅၀၀ဝိ/- စျေး တို့ဖြင့်  ရောင်းချလျက်ရှိကြောင်း မန္တလေးမြို့၊ သီရိမာလာစျေးရှိ ရေထွက်ပစ္စည်းအရောင်းချသူတစ်ဦး၏ ပြောပြချက်အရ  သိရှိရပါသည်။ 

DOCA(မန္တလေး)