မုံရွာမြို့ပေါ်တွင်ရောင်းချလျက်ရှိသော ပန်းဂေါ်ဖီ၊ မုန်လာထုပ်နှင့် မုန်လာဥဖြူဈေးနှုန်း

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းရတနာဈေးနှင့်သံလမ်းဈေးရှိ  ဟင်းသီးဟင်းရွက်ဈေးတန်းများ၌ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်နှင့် မုန်လာဥဖြူများလည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ပန်းဂေါ်ဖီ၊ မုန်လာထုပ်နှင့် မုန်လာဥဖြူများကို အိမ်ရှင်မများက အိမ်သုံးအတွက် ဝယ်ယူကြသလို စားသောက်ဆိုင်များမှလည်း အဓိကဝယ်ယူကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် ချင်းတွင်းရတနာဈေးနှင့် သံလမ်းဈေးတို့တွင် ပန်းဂေါ်ဖီတစ်ပွင့်လျှင် (၁၅၀၀ /၃၀၀၀) ကျပ်၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် (၂၅၀၀/ ၃၀၀၀) ကျပ်၊ မုန်လာဥဖြူမှာ အသေးစည်း (၇)ပင်ပါ တစ်စည်းလျှင် (၁၂၀၀) ကျပ်နှင့် အကြီးစည်း (၅)ပင်ပါ တစ်စည်းလျှင် (၁၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)