လားရှိုမြို့တွင်းရှိ ဓါတ်မြေဩဇာဈေးနှုန်းနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

Powered by Drupal

      လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများကြောင့် ဓါတ်မြေဩာဈေးနှုန်းနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ ယခင်အပတ်အတိုင်း တည်ငြိမ်နေသော်လည်း ပစ္စည်းရောက်ရှိမှုနှင့် အရောင်းဝယ်နည်းပါးလျက်ရှိပါသည်။ ၂၀၂၅ခုနှစ် နိုဝင်ဘာလ တတိယအပတ်တွင် ဖြစ်ပေါ်လျက် ရှိသော ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးဈေးနှုန်များမှာ ရွှေတောင်ပုလဲ (၅၀ဂရမ်) တစ်အိတ်လျှင် (၁၁၀၀၀၀)ကျပ်၊ ၁၅ပတ်လည်(၅၀ဂရမ်)တစ်အိတ်လျှင်(၂1၀၀၀၀)ကျပ်၊ ၁၆ပတ်လည်(၅၀ဂရမ်) တစ်အိတ်လျှင်(၂၁၀၀၀၀)ကျပ်၊ ဩဘာ(10:10:5) တစ်အိတ်လျှင်(၂၁၀၀၀၀) ကျပ်၊ ငှက်ကြီးတောင် (၁၀၀စီစီ) တစ်ဘူးလျှင် (၂၅၀၀၀) ကျပ်၊ Alarm 15 Wp (100ဂရမ်) တစ်ဘူးလျှင် (၂၅၀၀၀) ကျပ်ဖြင့် ရောင်းဝယ်လျှက်ရှိကြောင်းသိရှိရပါသည်။

          ပြည်တွင်းဓာတ်မြေဩဇာဈေးနှုန်းမှာ တစ်ခြားမြို့များထက်ဈေးနှုန်းမြင့်တက်နေသလို တစ်ဖက်မှာလည်း သယ်ယူပို့ဆောင်စရိတ်၊ ကုန်ကြမ်းထုတ်ပိုးမှုစရိတ်များ မြင့်တက်နေဆဲ ဖြစ်ကြောင်း လားရှိုးမြို့ပေါ်ရှိ စိုက်ပျိုးရေးအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(ရှမ်း)