
နိုင်ငံတကာတွင် ကော်ဖီကို မြတ်နိုးစွာသောက်သုံးနေကြသလို မြန်မာနိုင်ငံတွင်လည်း ကော်ဖီ သောက်သုံးသည့် ဓလေ့ရှိကြသည်။ မြန်မာနိုင်ငံတွင် ကော်ဖီကို မြန်မာ့ကော်ဖီဟူ၍ ဈေးကွက်ဝင် စိုက်ပျိုးနိုင်ကြပါသည်။ လက်ရှိကော်ဖီစိုက်ဧကမှာ ငါးသောင်းကျော်ရှိပြီး အာရာဘီကာ(ကုန်းမြင့် စိုက်ကော်ဖီ)နှင့် ရိုဘတ်စတာ(မြေနိမ့်စိုက်ကော်ဖီ) စသည့် ကော်ဖီမျိုးနှစ်ခုကို စိုက်ပျိုးကြသည်။ မြန် မာနိုင်ငံတစ်ဝန်းကော်ဖီစိုက်ပျိုးထုတ်လုပ်မှု နှစ်စဉ် တန်(ကိုးထောင်)ခန့်ထုတ်လုပ်သည်ဟု သိရှိရ ပါသည်။ ရှမ်း ပြည်နယ်တွင်မူ ကော်ဖီစိုက်ဧက နှစ်ထောင့်ခုနှစ်ရာကျော်ရှိသည့် အတွက် တစ်နိုင်ငံ လုံး၏ ကော်ဖီ စိုက်ဧကထက် ပို၍များသည်ကိုတွေ့ရှိရသည်။ နိုင်ငံတကာစံနှုန်းများနှင့်အညီ ကော်ဖီပညာရှင်များ ဖြင့် ကျင်းပသော ကော်ဖီအရည်အသွေးအကဲဖြတ်ပြိုင်ပွဲတွင် အမျိုးအစားအ လိုက် အဆင့်အမြင့်ဆုံး ကော်ဖီဆုများကို ရှမ်းပြည်နယ်မှ ပင်လောင်း၊ ရွာငံ၊ ဟိုပုံးနှင့် နောင်ချိုဒေသရှိ ကော်ဖီလုပ်ငန်းရှင်များက ရရှိခဲ့ပါသည်။
ယနေ့ရှမ်းတောင်ဒေသမှ သိရှိရသော ကော်ဖီဈေးနှုန်းမှာ-ကော်ဖီစေ့အစို (အခွံမချွတ်ရ သေးသော အစေ့)ကို တစ်ပိဿာလျှင် ၇၅၀၀ကျပ်ခန့်၊ ကော်ဖီစေ့ခြောက်(အခွံချွတ်ပြီး အခြောက် လှန်းထားသော)ကို တစ်ပိဿာလျှင် ၅၀၀၀၀ကျပ် ဝန်းကျင်ခန့် ကော်ဖီစိုက်တောင်သူတို့အတွက် ဈေးနှုန်းကောင်းမွန်မှုရှိကြောင်းသိရှိရပါသည်။ ယခင်နှစ်ထက် ဈေးနှုန်းမြှင့်တက်မှုရှိသော်လည်း ကောင်းမွန်သောအရည်အသွေးနှင့် အရသာတို့ကြောင့် ရှမ်းပြည်နယ်မှကော်ဖီစေ့များမှာ ဝယ်လိုအား မြှင့်တက်နေကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)
