“ဗမာခရမ်းချဉ်သီးများဈေးအနည်းငယ်မြင့်တက်”

Powered by Drupal

                   ပြင်ဦးလွင်မြို့မှဒေသထွက် ခရမ်းချဉ်သီးများ ဈေးကောင်းရရှိသဖြင့် ခရမ်းချဉ်စိုက် တောင်သူများအဆင်ပြေလျှက်ရှိကြောင်း သိရှိရပါသည် ။ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာ အချို့တွင်လည်း ဗမာခရမ်းချဉ်သီးများကို တစ်ပိုင်တစ်နိုင်စိုက်ပျိုး လျှက်ရှိပါသည်။ ကျောက်ဆည် မြို့နယ်အတွင်းရှိ မြို့မဈေး နှင့် အေးမြကြည်လင်ဈေးတို့တွင် ရောင်းချသည့် ဟင်းသီးဟင်းရွက် အများစုမှာ မြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ရွာငံဒေသမှ လာရောက်တင်သွင်း ရောင်းချခြင်း များဖြစ်ပြီး ခရမ်းချဉ်သီး ၊ မုန်လာဉ ၊ ချဉ်ပေါင်ရွက် ၊ ခရမ်းသီး ၊ ပဲသီး ၊ ဆလပ်ရွက် ၊ ပန်းမုံလာ ၊ ငရုပ်သီး၊ အာလူး ၊ကြက်သွန်၊ ဗူးသီး၊ ဂေါ်ဖီထုပ် နှင့် ဘုရားပန်းများ လာရောက်ရောင်းချလျှက်ရှိပါ သည်။ စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီး ယခင်လဈေးနှုန်းမှာ လက်ကားဈေး (၁)ပိဿာလျှင် (၄၀၀၀)ကျပ် စျေးနှုန်းဖြင့် ရောင်းချခဲ့ပြီး ၊ လက်လီဈေးအနေဖြင့် (၁)ပိဿာ လျှင်(၆၀၀၀)ကျပ် ဈေးနှုန်းရှိကြောင်း ၊ ယခုလတွင် ခရမ်းချဉ်သီး ဈေးနှုန်းမှာ (၁)ပိဿာလျှင် လက်ကားဈေး (၅၀၀၀)ကျပ်ဖြင့် ရောင်းချပြီး၊ လက်လီဈေးအနေဖြင့်(၁)ပိဿာလျှင်(၇၀၀၀-၈၀၀၀) ကျပ်ဖြင့်ရောင်းချသောကြောင့် ဈေးနှုန်းအနည်းငယ် မြင့်တက်နေကြောင်း ကုန်စိမ်းရောင်းချ သည်ဈေးသည်တစ်ဦးထံမှသိ ရပါသည်။

DOCA(မန္တလေး)