
ကျွန်းလှမြို့တွင် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် မြို့တွင်းရပ်ကွက်ဈေးများတွင် ကျောက်ဖရုံယိုနှင့် ချစ်တီးမုန့်များကို ရွှေဘိုမြို့နှင့်မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိပြီး စလေဘီကိုတော့ ဒေသထွက်ပြုလုပ်ရောင်းချကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်း ကုန်မျိုးစုံရောင်းချသည့်ဆိုင်များတွင် ဖြစ်ပေါ်နေသော ကျောက်ဖရုံယို ဈေးနှုန်းအနေဖြင့် ကျောက်ဖရုံယို တစ်ပိဿာ လျှင်(၁၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင်(၃၅၀၀)ကျပ် စလေဘီ တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ်သား(၄၀၀၀)ကျပ်နှင့် (၂၅)ကျပ်သား(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း ချစ်တီးမုန့်ဈေးနှုန်းအနေဖြင့် ချစ်တီးမုန့် တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၉၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင်(၄၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
