
ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာတွင် မိသားစုအပိုဝင်ငွေရရှိရန်အတွက် မိမိတို့ပိုင် မြေကွက်အလွတ်များတွင် တစ်ပိုင်တစ်နိုင် အနေဖြင့် နှစ်စဉ် ကောက်ရိုးမှိုပျိုးရောင်းသည့် လုပ်ငန်းကိုလုပ်ကိုင်လျက်ရှိရာ ကောက်ရိုးမှိုသည် ရာသီမရွေး စိုက်ပျိုးရောင်းချကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ် ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ကောက်ရိုးမှိုဈေးနှုန်းအနေဖြင့် ကောက်ရိုးမှိုတစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ (၂၅)ကျပ်သား(၃၀၀၀)ကျပ် နှင့်(၁၀)ကျပ်သားလျှင်(၁၂၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချပြီး စားသောက်ဆိုင်များ ထမင်းဆိုင်များနှင့် ရွှေစက်ကျင်းများမှ ဝယ်ယူသည့်အတွက် ဈေးကောင်းသော်လည်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
