ဇေယျာသီရိမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း၊ ပုပ္ပါးကုန်းတွင် စားသုံးသူကာကွယ်ရေး    အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို  (၁၁-၁၁-၂၀၂၂) ရက်နေ့တွင် ဇေယျာသီရိမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း၊ ပုပ္ပါးကုန်း၌ နံနက် (၁၃း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ပထမဦးစွာ ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ခရိုင် ဦးစီးမှူးရုံးမှ ဦးဝင်းသွင်၊ ရုံးအုပ်က စားသုံးသူကာကွယ်‌ရေး ဥပဒေပေါ်ပေါက်လာပုံ၊ ဥပဒေတွင်ပါဝင်သော စားသုံးသူအဓိပ္ပာယ် နှင့် စားသုံးသူအခွင့်အရေး၊ တာဝန်များအကြောင်းတို့ကို အသိပေးပြောကြားခဲ့ပြီး ဦးမြင့်နိုင်၊ ဦးစီးမှူးက စားသုံးသူများနစ်နာဆုံးရှုံးမှုများနှင့် ပတ်သက်၍ စားသုံးသူရေးရာ ဦးစီးဌာနတွင် တိုင်ကြား နိုင်သော ဖုန်းနံပါတ်များ၊ Call Center ဖုန်းနံပါတ်နှင့် Website လိပ်စာတို့ကို ရှင်းလင်း ပြောကြား ခဲ့ပါသည်။ ထို့နောက်တက်ရောက်လာကြသော ကျောင်းသား/သူ၊ ဆရာ/ဆရာမ စုစုပေါင်း (၁၁၀)ဦး ခန့် တက်ရောက်ခဲ့ပြီး ဟောပြောပွဲကို နေ့လယ် (၁၄း၃၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)