
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးပါ (၃)ဦးတို့သည် (၂၅.၁၁.၂၀၂၅)ရက်နေ့ ညနေ(၁၇:၀၀)အချိန်တွင် အမှတ်(၆၇၊ ၆၈၊ ၆၉၊ ၇၀)၊ ကနောင် မင်းသားကြီးလမ်း၊ ရွှေလင်ပန်းစက်မှုဇုန်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ အဆင့်မြင့်စားအုန်း ဆီဘူးသွင်း ထုတ်လုပ်သည့်စက်ရုံသို့ သွားရောက်၍ လုပ်ငန်းရှင်အား အသိပညာပေးဆွေးနွေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ လုပ်ငန်းရှင်အား အသိပညာပေးရာတွင် ခရိုင်ဦးစီးမှူး ဦးလှစိုးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)တွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် တာဝန်များ ဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း၊ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)
