ကန့်ဘလူမြို့ပန်းဈေးကွက်ရှိ သပြေပန်း၊ ရက်(၁၀၀)သပြေ၊ အာဆီယံသပြေပန်း

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင်သာမက အခြားသောဒေသများတွင်လည်း ပန်းစိုက်ပျိုးရေးလုပ်ငန်းများကို မိသားစုတစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြကြောင်း သိရသည်။ သပြေပန်းကို ယခင်က တောတောင်များ၌သာ တွေ့ရလေ့ရှိပြီး ယခုအခါ မိမိတို့ခြံဝင်းများ၊ ယာခင်းများ၌ခြံဖွဲ့၍ တောသပြေ၊ အာဆီယံသပြေ၊ ရက်(၁၀၀)သပြေနှင့် ရွှေသပြေများစိုက်ပျိုးလျက်ရှိပြီး မိသားစုဝင်ငွေရရှိနေကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့ ပန်းဈေးကွက်တွင် သပြေပန်းငုတ်၊ သပြေပန်းခက်အစည်း၊ အာဆီယံသပြေနှင့် ရက်(၁၀၀)သပြေစသည်ဖြင့် ရောင်းချလျက်ရှိရာ တောသပြေပန်းခက် (၁)စီးလျှင်(၁၃၀၀)ကျပ်၊ တောသပြေငုတ်အကြီး (၁)ငုတ်လျှင်(၅၀၀၀)ကျပ်၊ အသေး(၁)ငုတ်လျှင်(၂၀၀၀မှ ၃၀၀၀)ကျပ်၊ ရက်(၁၀၀)သပြေငုတ် (၁)ငုတ်လျှင်(၃၀၀၀)ကျပ်နှင့် အာဆီယံသပြေ(၁)စည်းလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခုနိုဝင်ဘာလ တတိယပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက စတုတ္ထပတ်အတွင်း တောသပြေ(၁)စီး လျှင်(၂၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း ပန်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)