
မအူပင်ခရိုင် မအူပင်မြို့တွင် မြို့သစ် ရပ်ကွက်တွင် ဒိန်ချဉ်တစ်ပိုင်တစ်နိုင် လုပ်ငန်းမှ နို့စားနွားနှင့် အသားစားနွား စုစုပေါင်း ကောင်ရေ ၄၀ နီးပါး မွေးမြူထားကြောင်း၊ နို့စားနွားများမှ နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရာတွင် မိမိခြံမှ ထွက်ရှိသော နွားနို့များကိုသာ ထုတ်လုပ်ရောင်းချကြောင်း၊ တစ်ရက်ပျမ်းမျှ နွားကောင်ရေ ၃၀ မှ နွားနို့ ပိဿာ ၆၀ ပျမ်းမျှ ခန့်ရရှိပြီး ထိုနွားနို့မှတစ်ဆင့် နို့ထွက်ပစ္စည်း များကို ထုတ်လုပ်ရောင်း ချခြင်းဖြစ်ကြောင်း သိရသည်။
နို့စားနွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်း ရောင်းဝယ်ရေးမှ ဒိန်ချဉ် ကိုသာအဓိကထား ထုတ်လုပ်သည်။ ဒိန်ချဉ်တစ်ဘူးလျှင် ထုတ်လုပ်မှု ကုန်ကျစရိတ် ငွေကျပ် ၁၇၀၀ ခန့် ကုန်ကျပြီး ပြန်လည်ရောင်းချသူ များသို့ ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ရောင်းချပေးရာတစ်ဘူး လျှင် အမြတ်ငွေကျပ် ၃၀၀ ကျပ်ခန့်သာ ရရှိသော် လည်း မိမိခြံမှ ထွက်ရှိသောနို့ကို ထုတ်ကုန်အဖြစ် ပြုလုပ်ရောင်းချခြင်းဖြစ်သည့်အတွက် အမြတ် အစွန်း အနည်းငယ်သာ ရယူခြင်းဖြစ်ကြောင်းလည်း သိရသည်။
ထုတ်လုပ်မှုအနေဖြင့် တစ်ရက်လျှင် နို့ချဉ်ဘူး ၅၀၀ မှ ၁၀၀၀ ကျော် ထုတ်လုပ်နိုင်ကြောင်း၊ မိသားစု တစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်သော်လည်း ပြင်ပအလုပ်သမား ၅ ဦးခန့်ကို နေ့စဉ် အလုပ်ပေးနိုင်ကြောင်းသိရသည်။ အလုပ်သမားများကို တစ်လ လျှင် အနိမ့်ဆုံးလစာငွေကျပ် ၁၈၀၀၀၀ မှ အမြင့်ဆုံး ကျပ် ၃၀၀၀၀၀ အထိ ပေးလျက်ရှိသည်။ နွားနို ၁ပိဿာကို ဒိန်ချဉ် ၇ကျပ်သာ ထွက်ရှိကြောင်း ထုတ်လုပ်သူမှ ရှင်းပြသည်။ ဒိန်ချဉ်များကို နေ့စဉ် တစ်နိုင်သာထုတ်လုပ်ပြီး နွားနို့ သီးသန့်ရောင်းချခြင်းများလည်းရှိသည်။ နွားနို့ ၁ပိဿာလျှင် ၆၀၀၀ကျပ်၊ ဒိန်ချဉ် ၁ပိဿာလျှင် ၆၅၀၀ကျပ်ဖြင့်လက်ကား ရောင်းချပေးပြီး ဒိန်ချဉ် ဗူး တစ်ဗူးလျှင် လက်လီဈေး ၂၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
DOCA(ဧရာဝတီ)
