မအူပင်မြို့ နယ် ဆန်စက်ပိုင်ရှင်အသင်းနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး အသိပညာပေး

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေး ရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ (၁၂.၁၁.၂၀၂၂) ရက်နေ့ (၀၉:၀၀)နာရီအချိန်တွင် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် မအူပင်မြို့နယ် ဆန်စက်ပိုင်ရှင် အသင်းနှင့်တွေ့ဆုံပြီး ဆန်စပါးဈေးကွက်အခြေအနေကို လေ့လာဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

        အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် စားသုံးသူရေးရာဦးစီးဌာနမှ မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးက  ဆန်စက်ပိုင်ရှင်အသင်း အတွင်းရေးမှူးနှင့်တွေ့ဆုံ၍ မိမိတို့ ဝန်ကြီးဌာန အနေဖြင့် “ဖွံ့ဖြိုးကုန်သွယ်၊ နိုင်ငံကြွယ်” ဟူသောဆောင်ပုဒ် ကိုလက်ကိုင်ထား ဆောင်ရွက် လျှက်ရှိရာ မိမိတို့မြို့နယ်တွင်း အားလုံးအကျိုးတူခံစားရသော ကုန်သွယ်မှုဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းကာ ဆောင်ရွက်လျှက်ရှိကြောင်း၊ အသင်းအဖွဲ့များ၊ အစုအဖွဲ့များ အားကောင်း ရှင်သန်ဖွံ့ဖြိုး တိုးတက်ရန် လိုအပ်ပါကြောင်းဆွေးနွေးပြီးနောက် မအူပင်မြို့နယ် ဆန်စပါး၊ ဈေးကွက်အခြေအနေများ၊ ကြိတ်ခွဲထုတ်လုပ်တင်ပို့မှုအခြေအနေများ ဆန်စက် ပိုင်ရှင်အသင်း၏ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို အပြန်အလှန် အသေးစိတ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)