ရေကြည်မြို့နယ်ရှိ စားသောက်ထုတ်ကုန်လုပ်ငန်းရှင်များအား ဈေးကွက်မရောက်မီ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

      (၂၅.၁၁.၂၀၂၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ဗထူးရပ်ကွက်ရှိ မိုးဆက်ငှက်ပျော်ကြော်အလုပ်ရုံသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဈေးကွက်မရောက်မီ ကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့ စစ်ဆေးရာတွင် ပြည်သူများဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချရမှုရှိစေရန်နှင့် အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းများကြောင့် ထိခိုက်နစ်နာမှုမရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိစေရန် လုပ်ငန်းဆောင်ရွက်ရာတွင် သန့်ရှင်းသပ်ရပ်စွာဆောင်ရွက် ထားရှိစေရန်အတွက် မိုးဆက်ငှက်ပျောကြော်လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)